ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ထုတ်ပြန်ချက်များ ဝမ်းနည်းကြောင်း သဝဏ်လွှာ

ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

၁။ ကရင့်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဌဟောင်း ဆရာမနော်စီဖိုးရာစိန် (၂၄၊ ၇၊ ၂ဝ၂၄) နေ့က ဆုံးပါးကွယ်လွန်ကြောင်း ကြားသိရပါသည်။ ထို့အတွက် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ၊ ကရင့်အမျိုးသားအ စည်းအရုံး (KNU) နှင့်ထပ်တူ၊ ကရင့်အမျိုးသားထုကြီးနှင့်ထပ်တူ မိမိတို့ပါတီက များစွာ ဝမ်းနည်းကြေကွဲ ဖြစ်ရပါ သည်။
၂။ ဆရာမနော်စီဖိုးရာစိန်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) တွင်လည်းကောင်း၊ ကရင့်အမျိုးသမီးအစည်း အရုံး (KWO) တွင်လည်းကောင်း၊ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးတပ်ပေါင်းစုကြီးများတွင်လည်းကောင်း ကြီး မားသည့်နိုင်ငံရေးတာဝန်များကို ကျေမွန်စွာထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်အကုန် အစင်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်၁ ရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေး တိုက်ပွဲစဉ်ကြီးအတွင်းတွင် မိမိတို့ပါတီအပါအဝင် မိတ်ဖက်အင် အားစုအသီးသီးနှင့် တက်ကြွစွာ လက်တွဲတိုက်ပွဲဝင်ခဲ့သူဖြစ်ပါသည်။
၃။ တော်လှန်ရေးကြီးအတွင်း ဆရာမ၏ ကောင်းမှုပြုချက်များအပေါ် မိမိတို့ပါတီအနေဖြင့် လေးစားတန်းဖိုးထားစွာ ဂုဏ်ပြုမှတ်တမ်းတင်ထားမည်ဖြစ်ကြောင်း အလေးအနက်ဖော်ပြလျက် ဝမ်းနည်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၂၅ ရက်။