ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စတင်တည်ထောင်ခြင်း (၉၁) နှစ်ပြည့်သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

ယနေ့ (၃၁၊ ၁၊ ၂၀၂၂) သည် သမိုင်းအစဉ်အလာ ကြီးမြတ်သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စတင် တည်ထောင်ခြင်း (၉၁) နှစ် ပြည့်မြောက်သည့် အခါသမယ ဖြစ်သည်။
နယ်ချဲ့ကိုလိုနီအစိုးရက သဟာယစာဖတ်အသင်းအဆင့်မျှ မျှော်ရည်လျက် တက္ကသိုလ်၊ ကောလိပ်များ၏ အဆင် တန်ဆာတစ်ရပ်အဖြစ် ကမကထပြု ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သော်လည်း ရတကသ အနေဖြင့် သမိုင်းခေတ်၏တာဝန် ဖြစ်သည့် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ ဖက်ဆစ် ဆန့်ကျင်ရေးတိုက်ပွဲများတလျှောက် လူမျိုးစုံ မြန်မာပြည်သူ တို့ဘက်မှ ဂုဏ်ရောင်ပြောင်စွာ ရပ်တည် တိုက်ပွဲဝင်ခဲ့သည်ကို မိမိတို့ပါတီနှင့်တကွ မြန်မာပြည်သူတရပ်လုံးက လေး လေးနက်နက် ဂုဏ်ယူ မှတ်တမ်းတင်အပ်ပါကြောင်း ဖေါ်ပြလိုပါသည်။
ထိုမှသည် မျက်မှောက်ကာလ ဖေါက်ပြန်သော စစ်အုပ်စု၊ စစ်အာဏာ၊ စစ်ဗျူရိုကရက် လက်ဝါးကြီးအုပ် စိုးမိုးမှုကို လူမျိုးစုံ မြန်မာပြည်သူတို့ဘက်မှ ရပ်တည်လျက် အစဉ်တစိုက် အာခံ ဆန့်ကျင်ခဲ့သည့် ရတကသ၏ ကြီးမြတ်သော အစဉ်အလာကို ယနေ့ (၂၀၂၁) နွေဦးတော်လှန်ရေးတိုင်အောင် မြဲမြံစွာ ကိုင်စွဲ တိုက်ပွဲဝင်လျက်ရှိနေခြင်းကိုလည်း လေး စား ဂုဏ်ယူဘွယ် တွေ့မြင်နေကြရပေသည်။
မိမိတို့ပါတီအနေဖြင့် မပြီးပြတ်သေးသော အမျိုးသားလွတ်မြောက်ရေး အခန်းဆက်တာဝန်ဖြစ်သည့် ” ၂၀၀၈ ဖွဲ့ စည်းပုံ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ဖေါ်ဆောင် ရေး ” ဟူသော နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်သည်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် မိတ်ကောင်းဆွေမွန် အင်အားစုတရပ်အဖြစ် လက်တွဲ၍ လူမျိုးပေါင်းစုံ မြန်မာပြည်သူ များနှင့်အတူ ကျရာတာဝန်ထမ်းရင်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်လျက် ရတကသ စတင် တည် ထောင်ခြင်း (၉၁) နှစ် ပြည့်မြောက်နေ့ အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၂ ခုနှစ်၊ ဇန္နဝါရီလ (၃၁) ရက်။

၃၁၊၁၊၂၀၂၂