စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ ( GSC ) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ GSCသည် ပြင်းထန်ခက်ခဲသည့် တိုက်ပွဲ ကာလကို ကြံ့ကြံ့ခံ တိုက်ပွဲဝင်ရင်း ကျော်ဖြတ်ခဲ့သည်မှာ ၂ဝ၊ ၂၊ ၂ဝ၂၄ တွင် ၃ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။
၂။ GSC သည် ၂၀၂၁၊ ဖေဖော်ဝါရီ လူထုလှုပ်ရှားမှုတွင် တိုက်ပွဲလိုအပ်ချက်အရ အင်နှင့်အားနှင့် စုစည်းနိုင်ရန် ဖွဲ့စည်းပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထုလှုပ်ရှားမှုသည် အထွေထွေသပိတ် ကြီးအဖြစ်လည်းကောင်း၊ ထိုမှသည် လက်နက်ကိုင်ခုခံစစ်နှင့် တိုက်ပွဲသဏ္ဍာန်ပေါင်းစုံ ပေါင်းစပ်ဆင်နွှဲနေကြသော နွေဦးတော်လှန်ရေး သုံးနှစ်တာ ဖြတ်သန်းမှုတလျှောက်တွင်လည်းကောင်း GSC သည် တိုက်ပွဲဝင် ပြည်သူလူထု ကြီး၏ နိုင်ငံရေးရပ်တည်ချက်၊ လိုလားချက်များကို မျက်ခြည်ပြတ်မခံဘဲ လူမျိုးစုံ ပြည်သူများနှင့် တသားတည်း ရပ်တည်ပြီး ဆက်လက် တိုက်ပွဲဝင်လျက် ရှိပေသည်။
၃။ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေ/ဥဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေး ဟူသည့် GSC ၏ ဦးတည်ချက်များသည် မိမိတို့ပါတီ၏ တိုက်ပွဲရည်မှန်းချက်များနှင့် ထပ်တူထပ်မျှ တူညီသည့်အလျောက် စတင်ဖွဲ့စည်း လှုပ်ရှားစဉ်ကတည်းက အတူ လက်တွဲပူးပေါင်း တိုက်ပွဲဝင်ခဲ့ ကြသည်။ ယနေ့တိုင်လည်း GSC နှင့် မိမိတို့ပါတီသည် လက်တွဲမပျက်ဘဲ တိုက်ပွဲဖော်များအဖြစ် အတူ ရပ်တည် နိုင်ခဲ့သည်ကို များစွာ ဝမ်းမြောက် ဂုဏ်ယူမိပါသည်။
၄။ မိမိတို့ပါတီအနေဖြင့် စစ်သုံးစစ်ကို အမြစ်ဖြတ်ချေမှုန်းလျက် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ထူ ထောင်အောင်မြင်သည့်အထိ GSC ရဲဘော်များနှင့်အတူ၊ လူမျိုးစုံ ဗမာပြည်သူများနှင့်အတူ လက်တွဲမဖြုတ်စ တမ်း သွေးစည်းလျက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါ သည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ( ဌာနချုပ် )
၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၂၀။