ထားဝယ်ခရိုင် – ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (၃) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
၁။ ယနေ့ (၇၊ ၂၊ ၂ဝ၂၃) တွင် ထားဝယ်ခရိုင်-ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ စတင် ထူထောင်၊ တိုက်ပွဲ ဝင်ခဲ့ကြသည်မှာ ၃ နှစ် ပြည့်မြောက်ပြီဖြစ်သည်။
၂။ အဆွေတို့၏ ၃ နှစ်တာ ဖြတ်သန်းမှုသည် အသက်ငင်နေသော စစ်အာဏာရှင်စနစ်၏ အကြမ်းဆုံး အရိုင်းစိုင်းဆုံး အခက်ထန်ဆုံး တန်ပြန်ဖိနှိပ် ချေမှုန်းမှုကို ကြံ့ကြံ့ခံ အံတုလျက် တိုက်ပွဲဝင် ဖြတ်သန်းရသည့်ကာလ ဖြစ်ပေသည်။
၃။ လူမျိုးပေါင်းစုံဗမာပြည်သူတို့နှင့် သွေးစည်း လက်တွဲလျက် စစ်အာဏာရှင်စနစ် သုတ်သင်ချေမှုန်းရေးတာဝန်အား မိမိဒေသ မိမိအခြေအနေအောက်မှ ထမ်းရွက် သယ်ပိုးခဲ့သည့် အဆွေတို့ ထားဝယ်ခရိုင်-ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကို မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
၄။ မိမိတို့ပါတီအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး၊ ၂၀၀၈ ခြေ/ဥ ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင်သည်အထိ ထားဝယ်ခရိုင်-ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီနှင့်တကွ ထားဝယ်ဒေသပြည်သူများနှင့်အတူ လူမျိုး ပေါင်းစုံဗမာပြည်သူများနှင့်အတူ ချစ်ကြည်သွေးစည်းစွာ လက်တွဲလျက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖေါ်ပြရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၇) ရက်။