YNS နှင့် YES တို့ ပူးပေါင်းကျင်းပသည့် ၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား

ပါတီလှုပ်ရှားမှုများ

၂၉ နှစ်မြောက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို လူ့ဘောင်သစ်လူငယ်(YNS)နှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းကျောင်း(YES)တို့ ပူးပေါင်း၍ ၈-၈-၂၀၁၇ နေ့လည်ပိုင်းက YES ကျောင်း၌ ကျင်းပခဲ့ကြပါသည်။ အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံကာလနှင့် လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကို ဦးအောင်မိုးဇော်နှင့် ဒေါ်နိုးနိုးထက်စံတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ လူ့ဘောင်သစ်လူငယ်များနှင့် YES ကျောင်းသားကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။