လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့သည် SocDem Asia အစီအစဉ်အရ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တရပ်အား အကောင်အထည်ဖော်လျက်ရှိပါသည်။ ၎င်းအစီအစဉ်အရ ၂၉-၄-၁၇ ရက်နေ့တွင် ရန်ကုန်မြို့၊ Orchid Hotel ၌ အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဗကသများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ Burma Monitor၊ Pen Myanmar၊ Civil Society Forum for Peace အစရှိသည့်အဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။