SocDem Asia အစီအစဉ်အရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် အားလုံးပါဝင်သော မူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို ၂၈-၄-၁၇ နေ့တွင် Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဝိမုတ္တိ၊ AJAR၊ ဖန်တီးအိမ်တို့မှ အမျိုးသမီးတက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။