Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဇူလိုင်၊ ၂၇။ Park Royal ဟိုတယ်၊ ရန်ကုန်။

YSPS နှင့် FNF တို့ ပူးတွဲစီစဉ်သည့် Shrinking Political Parties’ Space in Myanmar အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉၊ ဇူလိုင်၊ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံတို့လည်း တက်ရောက်ခဲ့ကြပါသည်။
ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအရ၊ ဥပဒေအရ အကန့်အသတ်များကြောင့် နိုင်ငံရေးပါတီများ ကြုံတွေ့နေရသည့် အခြေအနေများ၊ အခက်အခဲများအား လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခဲ့ကြပါသည်။