“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံ ဒုတိယနေ့ကို ၅-၅-၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀ဝ ကျောင်း၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ညီလာခံအဖွင့်အမှာစကားကို သဘာပတိ ဆရာကိုတာနှင့် မွန်ပြည်နယ် NNER မှ ဆရာဦးမြသွင်တို့က ပြောကြားခဲ့ကြပါသည်။ NNER ဆောင်ရွက်ချက်များကို ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ပညာရေးမူဝါဒဆိုင်ရာ ပြင်ဆင်ချက်များကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပညာရေးကဏ္ဏအခြေအနေများကို ကိုအောင်သူငြိမ်း၊ ကိုရဲ၊ ကိုမင်းဇင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာကျော်သူတို့က ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဖက်ဒရယ်ပညာရေးနှင့် လူထုအခြေပြု ပညာရေးလုပ်ငန်းများကို အသိအမှတ်ပြုရန်နှင့် အားပေးမြှင့်တင်ရန်အတွက် လိုအပ်ချက်များကို ညီလာခံတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။