လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးသည် ၁၉-၄-၁၇ ရက်နေ့ ညနေပိုင်းတွင် ဘားအံမြို့နယ် ပါတီစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၁၇ အတွင်း လုပ်ဆောင်မည့် ပါတီလုပ်ငန်းစဉ်များနှင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကို အတွင်းရေးမှူး(၂)က ရှင်းလင်းတင်ပြခဲ့ပါသည်။ ဘားအံ စည်းကော်မတီဝင်များကလည်း ဒေသအခြေအနေနှင့် စည်းရုံးရေးအခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြပါသည်။