လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်သည် ၂၀၁၇၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးတိုးတိုးထွန်း၊ ဦးအောင်နိုင်ဦး၊ ဦးသန့်စင်တို့လည်း တက်ရောက်ခဲ့ကြပြီး ပွင့်ဖြူမြို့နယ်စည်းရုံးရေးအခြေအနေများ၊ မကွေးတိုင်းစည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။