အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့သည် ၂၀၁၈ မတ်လ ၁၄ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်ဆွေးနွေးခဲ့ကြရာ ပါတီဥက္ကဋ္ဌဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင်များ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များက လက်ခံတွေ့ဆုံခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခင်းအကျင်းအတွင်း လှုပ်ရှားဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ စိန်ခေါ်မှုများနှင့် အတူလက်တွဲဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။