Best Prictices on Security Sector Workshop ဒုတိယနေ့သို့ တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံမှ စီစဉ်ပြုလုပ်သည့် Best Prictices on Security Sector Workshop ဒုတိယနေ့ကို ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ Orchid Hotel ၌ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာနည်းနာများ အစရှိသည်တို့ကို သင်တန်းတာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။