နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် အထိမ်းအမှတ် ( ဓါတ်ပုံကမ်ပိန်း )

ပါတီလှုပ်ရှားမှုများ သတင်းဓါတ်ပုံ

| ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁ ရက် ။ DPNS/YNS

၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဖက်ဆစ်စစ်တပ်က မတရား စစ်အာဏာသိမ်းခဲ့တာ အခု ၂၀၂၅၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုရင် ၄ နှစ် ပြည့်ခဲ့ပါပြီ။ လူမျိုးစုံပြည်သူလူထုဟာ စစ်အာဏာသိမ်းချိန်က စလို့ ယနေ့ကာလအထိ အလုံးစုံသော အထွေထွေအကျပ်အတည်းကို ခါးစည်းရင်ဆိုင်နေကြရပါတယ်။ ဒီလို အထွေထွေ အကျပ်အတည်းတွေရဲ့ မူလ ဇာစ်မြစ်တရားခံဟာ စစ်အာဏာရှင်စနစ် ဖြစ်တယ်။ စစ် ၃ စစ် ဖြစ်တယ်။ ဒီဖက်ဆစ်စစ်တပ်က ပြည်သူလူထုအကျိုးစီးပွားကို မကြည့်ဘဲ သူတို့ အာဏာတည်မြဲရေးကိုသာ အစဉ်တစိုက် လုပ်ဆောင်ခဲ့တယ်။ ဒီလေးနှစ်တာ ကာလအတွင်းမှာ သူတို့ နေ့စဉ်နဲ့အမျှ ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုတွေကို ကိန်းဂဏန်းတွေနဲ့ တင်ပြလိုက်ပါတယ်။