၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် DPNS ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်) ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေး စတင်သည့် စက်တင်ဘာ ၃ ရက်နေ့တွင် ပါတီရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များက မြင်းခြံမြို့ပေါ်ရှိရပ်ကွက်များသို့ တအိမ်တက်ဆင်း၊ တလမ်းဝင်တလမ်းထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ပြည်သူ့အတွက် မှန်ကန်သောရွေးချယ်မှုဖြစ်စေရန် ဦးဖြိုးဟန်ကို မဲပေးကြဖို့ ပါတီအနေဖြင့် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။