လု့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဧရာဝတီတိုင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းနှင့် အဖွဲ့ဝင်များသည် ၂၀၁၈ မတ်လ ၂၈ ရက်နေ့တွင် ရွှေသောင်ယံမြို့နယ်ခွဲရှိ ပါတီစည်းကော်မတီဝင်များ လူ့ဘောင်သစ်လူငယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေသဆိုင်ရာလူထုပြဿနာများ၊ လူငယ်များ၏အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများ၊ လူကုန်ကူးခံရမှုပြဿနာများ၊ ပါတီ၏လူထုလုပ်ငန်းစဉ်နှင့် ပါတီစည်းရုံးတည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။