လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” စတုတ္ထမြောက်နေ့ကို ၂၀၁၇ ဒီဇင်္ဘာ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ ရေကြည်၊ ချောင်းသာ ၊အင်္ဂပူ ၊လပွတ္တာ ၊တံတားဦး၊ မြင်းခြံ ၊ပွင့်ဖြူ ၊ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။