သခင်ဗဟိန်းရာပြည့် အခမ်းအနား ကျင်းပရေး ကော်မတီအလိုက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇၊ ဇွန်လ ၁၀ ရက် နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်ဒိီမိုကရက်တစ်ပါတီ(ဌာနချုပ်)ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။