ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်ရုံးခွဲ (မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း) ရုံးခန်းဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၁၈၊ သြဂုတ်လ၊ ၂၈ ရက် နံနက် ၉းဝ၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။ ရုံးခန်းဖွင့်လှစ်ပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင်လည်း တက်ရောက်ခဲ့ပါသည်။