ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား (ကော့ကရိတ်မြို့)

ပါတီလှုပ်ရှားမှုများ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ၈-၈-၂၀၁၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသည့် ကရင်ပြည်နယ်ကျောင်းသားဟောင်းများက ဦးဆောင်ကျင်းပကြခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)မှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ဘားအံမြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခင်က ဖတ်ကြားခဲ့ပါသည်။