၇၊ ၇၊ ၂၀၁၇ ရက်နေ့တွင် ကျရောက်သည့် ၅၅ နှစ်မြောက် ၇-ဇူလိုင် အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရွှေတောင်မြို့နယ် ရုံး၌ ကျင်းပခဲ့ပါသည်။ မြို့နယ်ရုံးဖွင့်လှစ်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကိုပါ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်သည်။ ပြည်ခရိုင်မှိုင်းငြိမ်းကွန်ရက်၊ ဗကသများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အစရှိသည့် နိုင်ငံရေးအင်အားစုအသီးသီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသည့် အင်အားစုအသီးသီးက အမှတ်တရစကား ပြောကြားခဲ့ကြပြီး ပါတီဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့်စိန်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်၊ လူ့ဘောင်သစ်လူငယ်နှင့် အခြားအဖွဲ့အစည်းများမှ ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားပြီးနောက် မြို့နယ်စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးမိုးမင်းဦးက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။