မြင်းခြံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းများ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပါတီလှုပ်ရှားမှုများ ရွေးကောက်ပွဲ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး တတိယမြောက်နေ့ဖြစ်သည့် စက်တင်ဘာ ၅ ရက်နေ့တွင် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်)နှင့် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၉ ရပ်ကွက်၊ အေးမြသီတာဈေးနှင့် စည်ပင်သာယာဈေးများသို့သွားရောက်၍ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် မဲဆွယ်စည်းရုံးခဲ့ကြပါသည်။ ဈေးအတွင်းရှိ ပါတီလိုလားထောက်ခံသူများကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြပါသည်။