ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် အဖွဲ့ ဇီးကုန်းမြို့နယ်​ ​စည်းရုံးရေးကော်​မတီဝင်များနှင့် တွေ့ဆုံစည်းဝေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် လူ့ဘောင်သစ်လူငယ် တွဲဘက်အတွင်းရေးမှူး ကိုဝေဇင်နှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုအောင်ချိုဦးတို့သည် ၂၀၁၈ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်​ ​စည်းရုံးရေးကော်​မတီဝင်များနှင့် တွေ့ဆုံစည်းဝေးခဲ့ကြပါသည်။ အစည်းအဝေးတွင် လက်​ရှိ မြန်မာ့နိုင်ငံရေးအ​ခြေအ​နေများအ​ပေါ်  ပါတီ၏အမြင်​သဘောထား ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်မည့် လုပ်​ငန်းစဉ်​များနှင့် ဇီးကုန်းမြို့နယ်​ စည်းကော်မတီ၏ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်လုပ်​ငန်းစဉ်​များအား​ ဆွေး​နွေးခဲ့ကြပါသည်။