လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အတွင်းရေးမှူး-၂ ဒေါ်နှင်းနှင်မွှေးတို့သည် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီရဲဘော်များနှင့် တွေ့ဆုံ၍ အစည်းအဝေး ကျင်းပခဲ့ပါသည်။ ၁၀-၇-၂၀၁၇ နေ့လည်ပိုင်းတွင် မြင်းခြံမြို့နယ် DPNS ရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ အစည်းအဝေးတွင် ပါတီဌာနချုပ်၏ လက်ရှိဆောင်ရွက်နေမှုများ၊ ပြည်တွင်းပြည်ပ မဟာမိတ်ဆက်ဆံရေး အခြေအနေများ၊ ၂၀၁၇ အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မြင်းခြံရဲဘော်များကလည်း ဒေသတွင်းအခြေအနေများ၊ ဆောင်ရွက်ထားရှိမှုများကို ပြန်လည်တင်ပြပေးကာ ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။