နှစ် ၇၀ ပြည့် ကရင်အမျိုးသားနေ့ အခမ်းအနားကို ၂၀၁၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်မြို့နယ်၌ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားသို့ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း တက်ရောက်ခဲ့ပါသည်။