သံလွင် (Citizen Empowerment Program) နှင့် Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို နေပြည်တော်၊ သာဝတ္ထိ၌ ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော် စည်ပင်သာယာရေးကော်မီတီဝင်နှင့် ခရိုင် ဒီချုပ်ဥက္ကဋ္ဌ ဦးမင်းသူက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်ရှိနိုင်ငံရေးအခြေအနေရှုထောင့်မှလည်းကောင်း၊ ဦးခင်မောင်ဇော်(ဆရာဇော်ဝင်းကို)က တရားဥပဒေစိုးမိုးရေးရှုထောင့်မှလည်းကောင်း၊ ဒေါက်တာတင့်ထူးနိုင်က စီးပွားရေးရှုထောင့်မှလည်းကောင်း ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။