ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၏ ပညာရေးမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို မြိတ်မြို့တွင် ၁-၄-၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် NNER လုပ်ငန်းအဖွဲ့ဝင်များ၊ လူ့ဘောင်သစ်လူငယ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်၊ ထားဝယ်ကျောင်းသားသမဂ္ဂ၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို စိတ်ပါဝင်စားသော ဒေသခံများနှင့် ပညာရေးဝန်ထမ်းဟောင်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။