လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဇီးကုန်းမြို့နယ်စည်းရုံးရေးကော်မတီဖွဲ့စည်းခြင်းကို ၂၀၁၈ ဇန်နဝါရီလ ၇ ရက် နေ့လည်ပိုင်းတွင် ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်၌ ပြုလုပ်ခဲ့ရာ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်များဖြစ်ကြသည့် ဦးဝဏ္ဏနှင့် ဦးနိုင်လွင်ချိုတို့ တက်ရောက်ဖွဲ့စည်းပေးခဲ့ကြပါသည်။ ဇီးကုန်းစည်းကော်မတီဖွဲ့စည်းသည့် အစည်းအဝေးသို့ ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်း၊ ပေါင်းတည်မြို့တို့မှ စည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။