ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၂ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ဆရာကြီးမှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ပါသည်။ နံနက်ပိုင်းတွင် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင် အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဦးစန္ဒာသီရိ(ရွှေဝါရောင်သံဃာတော်)၊ ဦးအောင်စောဦး(မှိုင်းရာပြည့်)၊ ဦးထွယ်နော်(ကချင်အမျိုးသားကွန်ဂရက်)၊ ဦးအောင်မိုးဇော်(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ မသက်ထားဆွေ(တောင်ဒဂုံဆိပ်ကမ်းမြို့နယ်အလုပ်သမားသမဂ္ဂ)၊ ဦးသန်းအေး(မှော်ဘီမြို့နယ် လယ်သမားသမဂ္ဂ)၊ ကိုအောင်ထက်အောင်(ဗကသများအဖွဲ့ချုပ်)၊ ကိုကျော်ကိုကို(ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)တို့က ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့နှင့် မှိုင်းငြိမ်းကွန်ရက်တို့၏ သဘောထားထုတ်ပြန်ချက်ကို ဒေါ်ခင်ညိုလွင်က ဖတ်ကြားခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ နိုင်ငံရေးပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အလုပ်သမား လယ်သမားနှင့် ကျောင်းသမဂ္ဂများ မှိုင်းငြိမ်းကွန်ရက်များ စာပေအနေုပညာနယ်ပယ်မှပုဂ္ဂိုလ်များ ဆရာကြီအားချစ်ခင်လေးစားသူများ ၂၀ဝ ခန့် အခမ်းအနား တက်ရောက်ခဲ့ကြပါသည်။