၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ မြင်းခြံမြို့နယ်စည်းရုံးရေးခရီးစဉ်(၇၊၉၊၂၀၁၈)

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ပါတီလှုပ်ရှားမှုများ ရွေးကောက်ပွဲ

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဦးဖြိုးဟန်(ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်) ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ စက်တင်ဘာ ၇ ရက်နေ့တွင် ဦးဖြိုးဟန်နှင့် ပါတီရွေးကောက်ပွဲအောင်နိ်ုင်ရေးအဖွဲ့ဝင်များသည် မြင်းခြံမြို့ပေါ်ရှိ အမှတ် ၁၂၊ အမှတ် ၁၃၊ အမှတ် ၁၄၊ အမှတ် ၁၅ ၊ အမှတ် ၁၉ ရပ်ကွက်များသို့ သွားရောက်၍ လက်ကမ်းစာစောင်များဝေငှရင်း မဲဆွယ်စည်းရုံးခဲ့ကြပါသည်။