ဧရာဝတီတိုင်းပါတီ စည်းရုံးတည်ဆောက်ရေးလုပ်ငန်းအစည်းအဝေးကို ရေကြည်​မြို့နယ်တွင် ကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့​ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီ ဗဟိုစည်းရုံး​ရေး​ကော်​မတီဝင်​ ဦးတိုးတိုးထွန်းနှင့် ​လူ့​ဘောင်​သစ်​လူငယ်​ဗဟိုလုပ်​ငန်း​ကော်​မတီဝင်များသည်​ ဧရာဝတီတိုင်း​ဒေသကြီး၊ ဟင်္သာတခရိုင်​၊ ရေကြည်​မြို့နယ်​ရှိ လူ့ဘောင်​သစ်​ဒီမိုကရက်​တစ်​ပါတီဝင်​များ၊ ဧရာဝတီတိုင်း လုပ်​ငန်း​ကော်​မတီဝင်​များနှင့် ၂၀၁၇၊ ဇူလိုင်လ ၉ ရက်​​နေ့တွင်​ အစည်းအ​ဝေးကျင်းပခဲ့ပါသည်​။ အစည်းအ​ဝေးတွင်​ ဌာနချုပ်ရဲ​​ဘော်များက လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေများ၊ ​ဆောင်​ရွက်​လျက်​ရှိသည့် ကိစ္စရပ်​များ၊ ၂၀၁၇ အတွင်း ​ဆောင်​ရွက်​မည့် ပါတီလုပ်​ငန်းစဉ်​များ၊ လူ့​ဘောင်​သစ်​လူငယ်​၏ မူဝါဒနှင့် လုပ်​ငန်းစဉ်​များကို ရှင်းလင်း​​တင်​ပြခဲ့ကြပါသည်​။ ဧရာဝတီတိုင်းရဲ​ဘော်​များကလည်း ​ဒေသအ​ခြေအ​နေများကို ပြန်​လည်​တင်​ပြခဲ့ကြပြီး ​ဒေသဆိုင်​ရာလုပ်​ငန်းစဉ်​များကို ​ဆွေး​နွေး​ခဲ့ကြပါသည်​။