ဦးသန့်အရေးအခင်း (၄၃)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ဦးသန့်အရေးအခင်း (၄၃)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇၊ ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းတိုက်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ၇၄-၇၅-၇၆ လှုပ်ရှားမှုတို့တွင် ပါဝင်ခဲ့သူများ၊ ဗကသများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက အမှတ်တရစကား ပြောကြားခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ဖတ်ကြားပြီး အမှတ်တရစကား ပြောကြားခဲ့သည်။ အခမ်းအနားပြီးဆုံးသည့်နောက်တွင် ဦးသန့်ဂူဗိမာန်သို့သွားရောက်၍ ဂါရဝပြုခဲ့ကြပါသည်။