အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တည်ထောင်ခြင်း (၁၈) နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တည်ထောင်ခြင်း (၁၈) နှစ်ပြည့်အခမ်းအနားကို ၂၀၁၇၊ ဒီဇင်ဘာ၊ ၉ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Green Hill ဟိုတယ်၌ ကျင်းပခဲ့ပါသည်။ WLB ဖွဲ့စည်းပေါ်ပေါက်လာပုံနှင့် လှုပ်ရှားဆောင်ရွက်မှုသမိုင်းကို အဖွဲ့တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် ဧည့်သည်တော်များကလည်း အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။