လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကျင်းပ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေး ၂/၂၀၁၇ ကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးပထမနေ့တွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အဖွင့်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ဗဟိုဦးဆောင်ကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဗဟိုစည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာကိစ္စရပ်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၂၀၁၇ ခုနှစ်လုပ်ငန်းစဉ်ဇယားနှင့် အလုပ်ပြီးစီးမှုအခြေအနေများကို တင်ပြသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် လတ်တလောလုပ်ငန်းစဉ်များကို အတည်ပြုပြီး အလုပ်တာဝန်များ ခွဲဝေခဲ့ကြပါသည်။