ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် ၃၀ ပြည့်အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသည့် ကျောင်းသားပြည်သူ ရဟန်းရှင်လူအပေါင်းအားရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမှတ်တရ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၊ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သာကေတမြို့နယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတက်ရောက်လာသူများက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ကြပြီး ပေးပို့လာသည့်သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပါသည်။ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကာလ သာကေတမြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။