မြင်းခြံစည်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးနှင့် မြင်းခြံမြို့နယ်စည်းရုံးရေးကော်မတီဝင်များသည် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်နေ့တွင် မြင်းခြံမြို့၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဌာနချုပ်က ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ လုပ်ငန်းစဉ်များ နိုင်ငံရေးရပ်ခံချက်သဘောထားများကို အတွင်းရေးမှူး(၂)က ရှင်းလင်းတင်ပြခဲ့ပါသည်။ မြင်းခြံစည်းကော်မတီဝင်များကလည်း မြို့နယ်စည်းရုံးရေးအခြေအနေများ ဆောင်ရွက်ထားရှိမှုများ ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။