ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့ဝင်သစ်များ တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်များနှင့် လူ့ဘောင်သစ်လူငယ် အဖွဲ့ဝင်သစ်များသည် ယနေ့ (၂၀၁၈၊ သြဂုတ်လ၊ ၂၅ရက်နေ့) နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လူ့ဘောင်သစ်လူငယ်များက ပါတီ၏မူဝါဒများ၊ လက်ရှိလုပ်ဆောင်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ပါတီနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပါတီတာဝန်ရှိသူများက မေးမြန်းချက်များကို ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကြပါသည်။