ပညာရေးဥပဒေကြမ်းများ လေ့လာသုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေကြမ်းများအား လေ့လာသုံးသပ်ခြင်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၈ ဇန်နဝါရီ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစိုးရက လတ်တလောထုတ်ပြန်ထားသည့် ပညာရေးဥပဒေမူကြမ်းလေးခုအနက် အခြေခံပညာရေးဥပဒေ(မူကြမ်း) အဆင့်မြင့်ပညာရေးဥပဒေ(မူကြမ်း)တို့ကို လေ့လာသုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ NNER အတွင်းရေးမှူးအဖွဲ့ဝင်များ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြရာ လုပ်ငန်းအဖွဲ့ဝင်တဦးဖြစ်သည့် DPNS အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။