နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ၊ မြင်းခြံမြို့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီက စီစဉ်ကျင်းပသည့် နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုမြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၈ ဇန်နဝါရီ ၃၀ ရက်နေ့တွင် မြင်းခြံမြို့၌ ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ ဆားလင်းကြီး မြင်းခြံ တံတားဦးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ၌ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်လုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ အမျိုးသမီးများပါဝင်မှု မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။