ဒေသတွင်းဖွံ့ဖြိုးရေးကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် CSOများ၏ ကဏ္ဍဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

သံလွင်​ (Citizen Empowerment Program) နှင့် Triangle Women’s Support Group တို့ ပူးပေါင်းစီစဉ်သည့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို နေပြည်တော်၊ သာဝတ္ထိ၌ ၂၀၁၈၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ “ဒေသတွင်းဖွံ့ဖြိုးရေး၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် နေပြည်​​တော်​ စည်​ပင်​သာယာ​ရေး​ကော်​မီတီဝင်​နှင့် ခရိုင်​ ဒီချုပ်​ဥက္ကဋ္ဌ ဦးမင်းသူက အဖွင့်အမှာစကား ​ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်​ရှိနိုင်​ငံ​ရေးအ​ခြေအ​နေရှု​ထောင့်မှလည်းကောင်း၊ ဦးခင်​​မောင်​​ဇော်​(ဆရာဇော်ဝင်းကို)က တရားဥပ​ဒေစိုးမိုး​ရေးရှု​ထောင့်​မှလည်းကောင်း၊ ဒေါက်တာတင့်ထူးနိုင်​က စီးပွား​ရေးရှု​ထောင့်မှ​လည်းကောင်း ​ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။