တပ်သိမ်းခံမြေဧက ၃၀ဝ၀ ကျော် ပြန်လည်ရရှိရေး ဒေသခံများထံ သွားရောက်ကူညီ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မိုးဝင်း၊ လူ့ဘောင်သစ်လူငယ်အတွင်းရေး မှူး မစိမ့်အိစံတို့သည် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ကညွတ်ကွင်းအုပ်စုအတွင်းရှိ လယ်သမားရေးရာကော်မ တီဝင်ရဲဘော်များနှင့်အတူ ဒေသခံများ လယ်သမား များထံ ၂၀၁၇၊ သြဂုတ်လ၊ ၂၃ ရက်နေ့တွင် သွားရောက်၍ ဆွေးနွေးတိုင်ပင်မှုများ ဆောင်ရွက်ခဲ့ပါသည်။
သွားရောက်ဆွေးနွေးရာတွင် တပ်သိမ်းခံမြေဧက ၃၀ဝ၀ ကျော် ပြန်လည်ရရှိရေးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ နယ်အတွင်း ရေမထုတ်နိုင်သည့် နန်ကသူဆည်ကြောင့် ရေဘေးသင့်နေရသော ကညွတ်ကွင်းအုပ်စု အခြေခံပညာမူ လွန်ကျောင်းအရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ဒေသခံလယ်သမားတို့အတွက် လိုအပ်သည်များကို ကူညီနိုင်ရန် ညှိနှိုင်း တိုင်ပင်ခဲ့ကြပါသည်။