????????????????????????????????????

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များအစည်းအဝေးသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များအစည်းအဝေးကို ၂၃-၇-၂၀၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မှိုင်းဂူဗိမာန်၌ ကျင်းပခဲ့ရာ ရန်ကုန်၊ မှော်ဘီ၊ မန္တလေး၊ မုံရွာ မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မှိုင်းငြိမ်းကွန်ရက်အဖွဲ့ဝင်များကြား ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆရာကြီး၏ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးအယူအဆပေါ်တွင် ရပ်ခံဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။