ကျောင်းသားသမဂ္ဂများရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အဦးဆိုင်ရာ ဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၇ သြဂုတ်လ ၁၇ ရက် နေ့လည် ၁းဝ၀ နာရီတွင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ တက္ကသိုလ်များသိပ္ပံသုတေသနဌာန၌ ပြုလုပ်ခဲ့ ပါသည်။ ဆွေးနွေးပွဲတွင် ၁၉၅၃ မှ ၂၀၁၇ အထိ ကျောင်းသားမျိုးဆက်အသီးသီးက သဘောထားအမြင်များ တင်ပြခဲ့ကြပါသည်။ ထို့နောက် ကျောင်းသားသမဂ္ဂများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် တကသအဆောက်အအုံဆိုင်ရာ ဆွေးနွေးပွဲ ဖိတ်ကြားရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။