အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

” ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသား
များဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ် (ဗဟို
လုပ်ငန်းကော်မတီ)တို့ အပါအဝင်
အမျိုးသားအင်အားစုများ (အဖွဲ့အစည်းပေါင်း ၆၂ ဖွဲ့)၏
မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော
တင်ပြချက်ကို ယနေ့ (၆၉ နှစ်မြောက် လွတ်လပ်
ရေးနေ့)တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ “

Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်

” လာမည့် ၁၄၊ ၁၀၊ ၂၀၁၆ ရက်တွင် ကျရာက်မည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ “

Continue Reading

မိတ်ဆွေအင်အားစုများ ဆက်ဆံရေးနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

(၅ / ၂၀၁၆)

၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) သည် (၂၄၊ ၁၀၊ ၂၀၁၄) ရက်နေ့မှ စတင်၍ တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။

၂။ ၎င်းကာလမှ ယနေ့ (၂၇၊ ၈၊ ၂၀၁၆)အထိ မိတ်ဆွေအင်အားစုအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ (UNA +)၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အ ထည်ဖော်ရေးကော်မတီ၊ ပညာရေးစံနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည်တို့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ပြုခဲ့ပါသည်။

၃။ မိမိတို့အနေဖြင့် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးကို အလေးထား လေးစားသည့် သဘောထား အခြေခံ ရှိသော်လည်း အဓိကကျသော နိုင်ငံရေးသဘောထားများနှင့် ပတ်သက်၍ အထက်ပါ အင်အား စုများတွင်သာ ပါဝင် ဆောင်ရွက်မှု ရှိခဲ့ပါသည်။ အခြားသော ပါတီ၊ အစုအဖွဲ့များတွင် ယနေ့အထိ ပါဝင်ဆောင်ရွက်ခဲ့မှု တစုံတရာ မရှိခဲ့ပါ။

၎။ ယခုရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည့် စစ်မှန်သောဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(ဧရာဝတီ) အမည်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက် တရပ် ထွက်ရှိလာခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မိမိတို့ပါတီနှင့် မပတ်သက်ကြောင်း၊ အဆိုပါ အင်အားစုအတွင်း မိမိတို့ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်မှု မရှိကြောင်း မိတ်ဆွေနိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူအများ သိရှိ စေရန် ထုတ်ပြန် ကျေညာအပ်ပါသည်။

၅။ ဒေသဆိုင်ရာ ပါတီစည်းရုံးရေးကော်မတီအသီးသီးအနေဖြင့် မိမိတို့ဒေသတွင်း ဆောင်ရွက်ဖွယ် ကိစ္စရပ်များကို သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြသော်လည်း နိုင်ငံလုံးဆိုင်ရာကိစ္စရပ်များ၊ ပါတီအတွက် အဓိကကျသည့် အခြားအင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ မူသဘောဆောင်သော ထုတ်ပြန်ကျေညာမှုများ အား ပါတီဗဟိုစည်းရုံးရေးကော်မတီ၏ တာဝန်ခံမှုဖြင့်သာ ဆောင်ရွက်ကြောင်းကို အသိပေး ထုတ်ပြန်အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဩဂုတ် (၂၇) ရက်။

Continue Reading

Myanmar Veneer အလုပ်သမားသပိတ် အင်အားသုံး ဖြိုခွင်းခံရခြင်းနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/၂၀၁၆)


၁။ မိမိတို့ အလုပ်သမားများ ရာကျော်အောင် အလုပ်ထုတ်ခံရသည့် မတရားမှုအား ပြည်ထောင်စုအစိုးရက စာနာ ဖြေရှင်းပေးနိုင်ရန် နေပြည်တော်သို့ ခရီးရှည် လမ်းလျှောက်လာခဲ့ကြသည့် Myanmar Veneer သစ်အချောထည်စက်ရုံ သပိတ်မှောက် အလုပ်သမားများအား (၁၈၊ ၅၊ ၂၀၁၆)နေ့၌ တပ်ကုန်းမြို့အဝင်တွင် အင်အားသုံး ဖြိုခွင်း၊ ဖမ်းဆီး လိုက်ကြောင်း ကြားသိရပါသည်။

၂။ မိမိတို့တိုင်းပြည်အတွင်း လူထုတို့၏ ကိုယ်ပိုင်အခွင့်အရေးများအတွက် တောင်းဆို ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်း စသည့် ဥပဒေတွင်း ငြိမ်းချမ်းစွာ လှုပ်ရှား ရုန်းကန်မှုများကို မှန်ကန်စွာ လက်ခံ၊ ကြားနာပေးရမည်သာ ဖြစ်သည်။
အဆက်ဆက်သောအစိုးရတို့က ဤသို့ လူထုလှုပ်ရှားမှုတိုင်းကို လွဲမှားစွာ ပုံဖော်လျက် အကြောင်းပြချက်မျိုးစုံ ရှာဖွေ ဖန်တီး၍ အင်အားသုံး ဖြိုခွင်း၊ ရပ်ဆိုင်းပစ်ရေးကိုသာ အစဉ်တစိုက် အားထုတ်ခဲ့ကြသဖြင့် မူလ အရင်းခံ ပြဿနာအရပ်ရပ်အား မည်သည့်အခါမှ ကိုင်တွယ်၊ ဖြေရှင်းနိုင်ခြင်း မရှိတော့ဘဲ အုပ်ချုပ်သူအာဏာပိုင်များနှင့် လူထု အကြား ယုံကြည်မှု ပျက်ပြားရခြင်းသာ ထာဝရ အဖတ်တင်ကျန်ရစ်ကြောင်း မိမိတို့ပါတီက သုံးသပ်ပါသည်။

၃။ လက်ရှိ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားများအရေးတွင် အစဉ်အလာဆိုးဖြစ်သည့် သပိတ်ဖြိုခွင်းရေးသက်သက်ထက် ကျော်လွန်၍ ပြဿနာ၏ အရင်းခံအကြောင်းကို ဂန သေချာစွာ ရှာဖွေစစ်ဆေးလျက် စံနမူနာကောင်း ဖြစ်သည့် ကိုင်တွယ် ဖြေရှင်းမှုမျိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အမျိုးသားရင်ကြားစေ့ ရေး အစိုးရသစ်က ဆောင်ရွက်နိုင်လိမ္မည်ဟု မိမိတို့ပါတီက ယုံကြည် မျှော်လင့်မိပါသည်။
နိုင်ငံတော် သမ္မတကြီး၏ မေဒေးနေ့ မိန့်ခွန်းအရလည်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင် ညှိနှိုင်း အဖြေရှာခြင်းဖြင့် ရလဒ်ကောင်းများ ရရှိလာရန် အစိုးရသစ်ကသဘောထား ရှိပါကြောင်း အတိအလင်း ဖော်ပြထားပြီးလည်း ဖြစ်၍ အစဉ်အလာသစ် အစဉ်အလာကောင်းတရပ်အား မိမိတို့ များစွာ အားထား မျှော်လင့်မိပါသည်။

၎။ ယခှု (၁၈၊ ၅၊ ၂၀၁၆) နေ့တွင် အလုပ်သမားများအား သပိတ်ဖြိုခွင်းရေးသက်သက် အင်အားသုံး ဖမ်းဆီးလိုက် သော လုပ်ရပ်မှာ အစဉ်အလာကောင်းတရပ်၏ အလားအလာမှ သွေဖည်လျက် ရလဒ်ကောင်းများကို လွဲချော်သွားစေသည့် ဆောင်ရွက်မှုအဖြစ် မိမိတို့ ရှုမြင် သုံးသပ်မိပါသည်။

၅။ ထိုကြောင့် သပိတ်မှောက် အလုပ်သမားများနှင့် ဝန်းရံ အားပေးသူများကို ချုပ်နှောင် ထိန်းသိမ်းထားခြင်းမှ ချက်ချင်းလွှတ်ပေးလျက် ၎င်းတို့ တောင်းဆိုထားသည့်အတိုင်း ၃ ပွင့်ဆိုင် ဆွေးနွေးအဖြေရှာမှုကို အမြန်ဆုံး ဆောင်ရွက် ပေးကြပါရန် တာဝန်ရှိသူ အာဏာပိုင်အဆင့်ဆင့်အား မိမိတို့ပါတီက အလေးအနက် တိုက်တွန်း တောင်းဆိုအပ် ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ မေလ (၁၉) ရက်။

Continue Reading

Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်နှင့် ပတ်သက်သော သဘောထားထုတ်ပြန်ချက် (၃/၂၀၁၆)

၁။ အလုပ်သမား တစ်ရာကျော် တဘက်သတ် အလုပ်ထုတ်ခံရသည့်အတွက် ကန့်ကွက် ဆန္ဓပြ တောင်းဆိုကြသည့် စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန် Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမား များသည် စစ်ကိုင်းမှ နေပြည်တော်သို့ ခြေလျှင်ခရီး သပိတ်မှောက် ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။
၂။ အလုပ်သမားများ၏တောင်းဆိုချက် (၆)ချက်မှာ အခြေခံကျသော ရပိုင်ခွင့်များသာဖြစ်လျက် တရားမျှတသော တောင်းဆိုချက်များအဖြစ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။
၃။ သက်ဆိုင်ရာ လုပ်ငန်းရှင်များသည်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ တာဝန်ရှိသူအသီးသီး သည်လည်းကောင်း အချိန်ကာလ ရှည်လျားစွာ နစ်နာခဲ့ကြရပြီး ပြင်းထန်သည့် ရာသီဥတုဒဏ်အောက်ဝယ် ခြေလျှင်ခရီးရှည် ချီတက်နေရသော အလုပ်သမားများအား စာနာထောက်ထားလျက် ၎င်းတို့ တရားမျှတစွာ တောင်းဆိုလျက်ရှိသည့် (၃)ပွင့်ဆိုင် ဆွေးနွေး အဖြေရှာ ညှိနှိုင်းမှုကို အမြန်ဆုံး ဆောင်ရွက်ပေးကြပါရန်နှင့် အစဉ်လာဆိုးဖြစ်သော အကြမ်းဖက် ဖြိုခွင်း၊နှိပ်ကွပ်ခြင်းမျိုး လုံးဝ မပြုလုပ်ပါရန် မိမိတို့ပါတီက အလေး အနက် တောင်းဆိုအပ်ပါသည်။
၎။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသော လူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ၎င်းတို့၏ အခြေခံရပိုင်ခွင့် အတွက် ခရီးရှည် လမ်းလျှောက် ချီတက်နေကြရသည့် သပိတ်မှောက်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝန်းရံ ကူညီ စောင့်ရှောက်ပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံ၊ နှိုးဆော်အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်။

Continue Reading

သဘောထားထုတ်ပြန်ကြေညာချက် (၂/၂၀၁၆)

(၂ / ၂၀၁၆)

၁။ လွတ်မြောက်လာသော ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများကို မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ခွန်းဆက်ပါသည်။

၂။ ထိုသို့ လွတ်မြောက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ရဲဘော်များ လွတ်မြောက် ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရသစ်၏ အားထုတ်မှုများအပေါ် မိမိတို့ပါတီက လေးစားအသိအမှတ်ပြုပါသည်။

၃။ ပြန်လည်လွတ်မြောက်လာပြီး (၉၊၄၊၂၀၁၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ပါ ရပ်တည်ချက်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်း ဆောင်များ၏ တရားဝင် ထုတ်ဖေါ်ပြောကြားချက်များကို မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။

၎။ ကျောင်းသားထုနှင့် လူမျိုးစုံမြန်မာပြည်သူတရပ်လုံး၏ ရေရှည်အကျိုးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာ ရေးဥပဒေတရပ် အခိုင်အမာ ပေါ်ထွက်လာရေးအတွက် ယခင်အစိုးရက ပစ်ပယ်ထားခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရသစ်၊ လွှတ်တော်သစ်တို့နှင့် ဆက်လက်ဆောင်ရွက်သွားကြရန် သက်ဆိုင်သူအားလုံးကို မိမိတို့ ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။

၅။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီတို့ အပါ အ၀င် ကျောင်းသားသမဂ္ဂများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုနှင့် မပြီးဆုံးသေးသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆက်လက် သယ် ဆောင်ကြရမည့် ဒီမိုကရေစီအရေးတော်ပုံတပ်သားများ ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

၆။ သို့ပါ၍ ဒီမိုကရေစီအရေးတော်ပုံတပ်သားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှု ပျက်ပြားအောင်၊ အထင်အ မြင် လွဲမှားအောင်၊ အပြန်အလှန်တန်ဖိုးထားမှု လျော့ပါးအောင် ရည်ရွယ်ချက်ရှိရှိ အကွက်ချ ပြောဆိုရေးသားနေမှုများ ကို မိမိတို့ပါတီက အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။

၇။ မိမိတို့ပါတီသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အပါအဝင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရသစ်၏ လွှတ်တော်တွင်းဆောင်ရွက်မှုများနှင့် ဆက်စပ်၊ အကောင်အထည်ဖော်သွားရေးအတွက် မိတ်ဆွေ နိုင်ငံ ရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ် အပါအဝင် ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားပြည်သူများ၊ အရပ်ဖက် အင်အားစုများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့နှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်၊ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း လေးလေးနက်နက် ဖော်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၁၁ ရက်။

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းလိုက်သည့် အစိုးရသစ် ကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နွေးထွေးစွာ ကြိုဆိုပါသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းနှင့် အစိုးရ သစ်ကို ယခုကဲ့သို့ ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်သလို လူထုလူတန်းစားအသီးသီးနှင့် လူမျိုးစုံပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲတလျှောက်လုံး ဘ၀ပေါင်းများစွာ၊အသက်ပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ကာ မဆုတ်မနစ် ရုန်းကန်တိုက်ပွဲ ၀င်ခဲ့မှုများကြောင့်လည်း ဖြစ်သည်ဟု မိမိတို့ပါတီက ခံယူပါသည်။
အစိုးရသစ်အနေဖြင့် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာ၏ ထောက်ခံဝန်းရံမှုများ၊ မျှော်လင့်မှုများကို ရရှိပိုင်ဆိုင်ထား နိုင်သည့်အတွက် မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူပါသည်။ ဤသို့သော ထောက်ခံဝန်းရံမှုမျိုးသည် အစိုးရတရပ် အဖို့ တန်ဖိုးဖြတ်၍မရသော အင်အားများ ဖြစ်ပါသည်။
တပြိုင်တည်းတွင် အစိုးရသစ်အဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိတ်ဆို့ကန့်သတ်ထားမှုများအောက်တွင် စိန်ခေါ် ချက်များ၊ အခက်အခဲများကိုလည်းကောင်း၊ ယခင်အစိုးရက မီးမွှေးချန်ထားပစ်ခဲ့သော ပြဿနာမျိုးစုံကိုလည်းကောင်း မရှောင်မလွှဲ သာ ရင်ဆိုင်ကြရလိမ့်မည်ဟု မိမိတို့ပါတီက သုံးသပ်ပါသည်
လူမျိုးစုံပြည်သူတို့၏ မျှော်လင့်ချက်များကို ဖြည့်စွမ်းနိုင်ဖို့နှင့် အခက်အခဲအတားအဆီးတိုင်းကို ကျော်လွှားနိုင်ဖို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဟာမိတ်စည်းကို ကျယ်ကျယ်ဖွင့်ထားရန် လိုအပ်ပါသည်။ မဟာမိတ်များနှင့် လူထုတရပ် လုံး၏ အပြည့်အ၀ ၀န်းရံလက်တွဲဆောင်ရွက်မှုကို တန်ဖိုးထားစွာဖြင့် လမ်းဖွင့်ကြိုဆို ရယူနိုင်ရန် လိုအပ်သည်ဟု အလေးအနက် အကြံပြုအပ်ပါသည်။ ထို့အပြင်
 ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊အလုပ်သမား၊လယ်သမားများအပါအ၀င် မတရားဖမ်းဆီးခံထားကြရသည့် နိုင်ငံ ရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရေး၊
 ယခင်အစိုးရများကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေကြသော အင်အားစုများ ပြည်တွင်းသို့ ပြန်လာခွင့် ရရှိရေး၊
 လက်နက်ကိုင်တော်လှန်ရေးအင်အားစုအသီးသီး ငြိမ်းချမ်းရေး တံခါးပွင့်သွားရေးတို့အတွက်
အစိုးရသစ်အနေဖြင့် ပွဲဦးထွက်ခြေလှမ်းတလှမ်းအဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို အမြန်ဆုံး ကြေညာပေးသင့် ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။
မိမိတို့ပါတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံများလွတ်မြောက်ရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များအတွက် ကျရာအခန်းမှ အတက်ကြွဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှန်ကန်သည့် လုပ်ရပ်များကို မိမိတို့ပါတီ ၏ (၂၈) နှစ်တာ သက်တမ်းတလျှောက် ၀န်းရံထောက်ခံခဲ့သည့်နည်းတူ ယခုကာလများမှာလည်း မိတ်ဆွေပီသစွာ ဆက်လက် ၀န်းရံသွားမည်ဖြစ်ကြောင်း မိမိတို့ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၅ ရက်။

Continue Reading

သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၆/၂၀၁၅)

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်

သဘောထား ထုတ်ပြန်ချက်

၁။ သာယာဝတီ အကျဉ်းထောင်အတွင်း ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် တောင်းဆိုချက်ဖြင့် (၂၃၊ ၁၀၊၂၀၁၅)နေ့မှ စတင်လျက် အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ကြောင်း ကြားသိ ရပါသည်။

၂။ ယနေ့ကာလတွင် မိမိတို့တိုင်းပြည်သည် အထွေထွေရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးကြရေး၊ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး စသည့် အရေးကြီးသောဖြစ်စဉ်များကို အကြိုဖြတ်သန်းနေကြရသည့်ကာလ ဖြစ်ပေသည်။
ဤဖြစ်စဉ်အတွင်း နိုင်ငံသားပြည်သူတိုင်း လွတ်လပ်စွာပါဝင်ခွင့်ရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက် မရှိလွှတ်ပေးရန် တောင်းဆိုချက်သည် ဆီလျော်၊ မှန်ကန်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်သည်။ လေးလေး နက်နက် ထောက်ခံအပ်ပါသည်။

၃။ နိုင်ငံအစိုးရနှင့် အဆင့်ဆင့်သော တာဝန်ရှိသူတို့အနေဖြင့် သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေ သည့် ဗကသရဲဘော် ကိုအောင်မှိုင်းဆန်းကို သားသမီးချင်း စာနာမှုဖြင့်လည်းကောင်း၊ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့် အပေါ် လေးစားမှုဖြင့်လည်းကောင်း၊ ဒီမိုကရေစီကျင့်ဝတ်အရလည်းကောင်း သွားရောက်၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုပြုပါရန် မိမိ
တို့ပါတီက တိုက်တွန်း၊ တောင်းဆိုအပ်ပါသည်။

၎။ အစာငတ်ခံဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးနှင့် အသက်ဘေးရန် အရပ်ရပ်တို့ ကင်းပ လုံခြုံစေရေး၊ ဆိုးဝါးသောအကျိုးဆက်များ မဖြစ်ပွားစေရေးတို့အတွက် အကျဉ်းထောင်တာဝန်ရှိသူ အဆင့်ဆင့်အပါအဝင် နိုင်ငံသားပြည်သူ များအားလုံး၊ ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းနှင့် အင်အားစုအသီးသီးကပါ ဝိုင်းဝန်း ဝန်းရံ၊ စောင့်ရှောက် ကူညီ ကြပါရန်လည်း မိမိတို့ပါတီက နှိုးဆော်၊ မေတ္တာရပ်ခံအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

ဟန်ဂျင်း အထည်ချုပ်အလုပ်သမားသပိတ်နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက် (၅ / ၂၀၁၅)

၁။ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် သပိတ်တိုက်ပွဲ ဆင်နွှဲ၍ တောင်းဆိုနေကြသည်ကို သိရှိရပါသည်။

၂။ သပိတ်တိုက်ပွဲဝင်အလုပ်သမားများ၏ တောင်းဆိုချက်များသည် အခြေခံကျ၍ တရားမျှတသော တောင်းဆိုမှုများဖြစ်ပြီး၊ အဆိုပါတောင်းဆိုမှုအပေါ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။

၃။ အထည်ချုပ်လုပ်ငန်းရှင်ဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း မိမိတို့အခြေခံရပိုင်ခွင့်အတွက် ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ သပိတ်လက်နက်ကိုင်စွဲ၍ တောင်းဆိုနေသော အလုပ်သမားများအပေါ် အကြမ်းဖက်တားဆီး၊ နှိမ်နင်းခြင်း များ လုံးဝမပြုလုပ်ဘဲ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လေးလေးစားစား စေ့စပ်၊ ဆွေးနွေးညှိနှိုင်း ဖြေရှင်း ပေးကြပါရန် မိမိတို့ပါတီက လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။

၎။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသောလူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ရက်ရှည် သပိတ်တိုက်ပွဲဝင်နေ ကြသည့် ဟန်ဂျင်း အထည်ချုပ်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝိုင်းဝန်း ဝန်းရံ၊ ထောက်ခံ ကူညီပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

Continue Reading

(၂၇) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

မိမိတို့ပါတီကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ ယနေ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ တွင် (၂၇) နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။

ပါတီ၏ (၂၇)နှစ်တာ သမိုင်းတလျောက်တွင် ” ပြည်သူသာအမိ ပြည်သူသာအဖ ” ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူတို့၏အကျိုးကို နယ်မြေဒေသအသီးသီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သယ်ပိုးထမ်းရွက်ခဲ့ကြသော ပါတီဝင်ရဲဘော်အသီးသီးကို ပါတီက အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။

၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဖြတ်သန်းကြရတော့မည် ဖြစ်ပါ သည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေရင်ဆိုင်ကြရမည့် နိုင်ငံရေးတာဝန်များ သို့မဟုတ် စိန်ခေါ်ချက်များ ရှိနေသည်ဟု မိမိတို့ပါတီက အလေးအနက်ယုံကြည်ပါသည်။

တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို အခိုင်အမာ ရရှိစေရန် ဆောင်ရွက်ရေး၊
 အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူဆွေးနွေးကာ အင်အားစုအားလုံးက လက်ခံသဘောတူပြီး ပြည် သူတရပ်လုံးကပါ ထောက်ခံအတည်ပြုသည့် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက် (National Accord) တရပ် ချမှတ်ရေး၊
 ၎င်းသဘောတူညီချက်နှင့်အညီ တိုင်းပြည်တွင် ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းသွားရေး၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးတို့ကို အပြည့်အ၀ အာမခံ သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို အခိုင်အမာ တည်ဆောက်ရေး၊
စသည့် လုပ်ငန်းတာဝန်များကို ဆက်တိုက်ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုနိုင်ငံရေးတာဝန်များသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်နေသည့် တာဝန်များဖြစ်ပြီး နိုင်ငံသားတိုင်းက လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့် အပြည့်အ၀ရရှိကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။

သို့အတွက် အစိုးရအနေဖြင့် အင်အားစုတိုင်းလွတ်လပ်စွာပါဝင်ခွင့်ကို အကန့်အသတ်အတားအဆီးဖြစ်နေ သည့် အရာမှန်သမျှကို ဖယ်ရှားပေးရန်နှင့် ပထမဦးဆုံးခြေလှမ်းအဖြစ် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၊ အလုပ် သမားများ၊ လယ်သမားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် မိမိတို့ ပါတီက အလေးအနက် တောင်းဆိုပါသည်။

မိမိတို့ပါတီအနေဖြင့် အထက်ပါလုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်များအဖြစ်ခံယူပြီး မြန်မာနိုင်ငံနှင့် ပြည်သူတရပ်လုံး၏အကျိုးကို မျက်နှာမူကာ ရည်ရွယ်ချက်တူအင်အားစုများ၊ လူပုဂ္ဂိုလ်များ၊ လူမျိုးစုံပြည်သူများနှင့် လက်တွဲလျက် တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီ၏သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်။

Continue Reading