(၃၀၊၉၊၂၀၁၉) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေး လုပ်ပိုင်ခွင့်ကို တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီ (Myanmar Yang Tse Copper Ltd.)အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသခံလူထု၏ သဘောထားများကို ဆန့်ကျင်လျက် ခွင့်ပြုလိုက်သည်ဟု သိရှိရပါသည်။ဝါးစိမ်းတောင် သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်း အပြည့်အစုံမှာ ယင်းမာပင်၊ ဆားလင်းကြီးနှင့် ကနီမြို့နယ် ၃ ခုမှ မြေဧရိယာ အကျယ်အဝန်း ၁၁၂,၉၈၂ ဧက ဖြစ်ပြီး ယခု ကနဦး ၂၈,၁၃၆ ဧကကို ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။ဒေသခံလူထုအနေဖြင့် ဝါးစိမ်းတောင် သတ္တုတူးဖော်ရေးစီမံကိန်းကြောင့် စိုက်ပျိုးမြေများနှင့် သောက်သုံးရေပါ ပျက်စီးဆုံးရှုံးသွားပြီး လက်ပံတောင်းစီမံကိန်းထက်ပင် ကြီးမားသည့်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်နေကြသည့်အတွက် ကန့်ကွက်ကြောင်း ၎င်းတို့၏သဘောထားကို တိုင်းဒေသကြီးအစိုးရထံ အကြိမ်ကြိမ် တင်ပြခဲ့ပြီး ဖြစ်သည်။မိမိတို့၏ လေ့လာမှုအရ စီမံကိန်းဆောင်ရွက်လာပြီဆိုလျှင် စီမံကိန်းဧရိယာက […]
Continue Reading