တကသ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား

တကသ အဆောက်အဦ ပြန်လည်တည်ဆောက်ရေးကိစ္စအပေါ်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားအား ယနေ့
(၂၃၊ ၂၊ ၂၀၁၇ တွင်) ထုတ်ပြန် ကြေညာလိုက်ပါသည်။

Continue Reading

ပြည်ထောင်စုနေ့အထိမ်းအမှတ် သဘောထားကြေငြာချက်

နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ငြိမ်းချမ်းရေး၊ လူသတ်ဝါဒဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အမျိုးသားအင်အားစု (၇၀) ဖွဲ့ ပူးပေါင်းလျက်ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ၁၃၊ ၂၊ ၂၀၁၇တွင်လည်း သျှရီရာမခရစ်ရှန ခန်းမ၌ နိုင်ငံရေးဆွေးနွေးပွဲတရပ်
ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းအပေါ် သဘောထားထုတ်ပြန်ချက် (၂/၂၀၁၇)


Continue Reading

အမျိုးသားအင်အားစုအသီးသီး၏ ငြိမ်းချမ်းရေးသဘောထား တင်ပြချက်

” ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသား
များဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ် (ဗဟို
လုပ်ငန်းကော်မတီ)တို့ အပါအဝင်
အမျိုးသားအင်အားစုများ (အဖွဲ့အစည်းပေါင်း ၆၂ ဖွဲ့)၏
မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော
တင်ပြချက်ကို ယနေ့ (၆၉ နှစ်မြောက် လွတ်လပ်
ရေးနေ့)တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။ “

Continue Reading

လက်ပန်တောင်း အာဇာနည် ဒေါ်ခင်ဝင်း ကျဆုံးခြင်း (၂)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဝဏ်လွှာ


Continue Reading

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်

” လာမည့် ၁၄၊ ၁၀၊ ၂၀၁၆ ရက်တွင် ကျရာက်မည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပါတီ၏ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါသည်။ “

Continue Reading

ဦးအောင်ထိုက်(စိတ်တိုင်းကျ) ဈာပနအခမ်းအနားသို့ ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

၂၃၊ ၉၊ ၂၀၁၆ နေ့တွင် ကွယ်လွန်ခဲ့သည့် ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု အလုပ်အမှုဆောင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ NLD ဗဟိုလူမှုထောက်ကူပြုအဖွဲ့ ဒုဥက္ကဋ္ဌ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အကြံပေး၊ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ဦးအောင်ထိုက် (စိတ်တိုင်းကျ)၏ ဈာပနသို့
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

Continue Reading

မိတ်ဆွေအင်အားစုများ ဆက်ဆံရေးနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် ၅/၂၀၁၆

(၅ / ၂၀၁၆)

၁။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) သည် (၂၄၊ ၁၀၊ ၂၀၁၄) ရက်နေ့မှ စတင်၍ တရားဝင် နိုင်ငံရေးပါတီတရပ်အဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။

၂။ ၎င်းကာလမှ ယနေ့ (၂၇၊ ၈၊ ၂၀၁၆)အထိ မိတ်ဆွေအင်အားစုအဖြစ် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ (UNA +)၊ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ အကောင်အ ထည်ဖော်ရေးကော်မတီ၊ ပညာရေးစံနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်း ငြိမ်းချမ်းရေးကွန်ရက် စသည်တို့တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ပြုခဲ့ပါသည်။

၃။ မိမိတို့အနေဖြင့် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအစုအဖွဲ့များ အားလုံးကို အလေးထား လေးစားသည့် သဘောထား အခြေခံ ရှိသော်လည်း အဓိကကျသော နိုင်ငံရေးသဘောထားများနှင့် ပတ်သက်၍ အထက်ပါ အင်အား စုများတွင်သာ ပါဝင် ဆောင်ရွက်မှု ရှိခဲ့ပါသည်။ အခြားသော ပါတီ၊ အစုအဖွဲ့များတွင် ယနေ့အထိ ပါဝင်ဆောင်ရွက်ခဲ့မှု တစုံတရာ မရှိခဲ့ပါ။

၎။ ယခုရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည့် စစ်မှန်သောဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(ဧရာဝတီ) အမည်ဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက် တရပ် ထွက်ရှိလာခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်သည် မိမိတို့ပါတီနှင့် မပတ်သက်ကြောင်း၊ အဆိုပါ အင်အားစုအတွင်း မိမိတို့ပါတီအနေဖြင့် ပါဝင်ဆောင်ရွက်မှု မရှိကြောင်း မိတ်ဆွေနိုင်ငံရေးအင်အားစုအသီးသီးနှင့် ပြည်သူအများ သိရှိ စေရန် ထုတ်ပြန် ကျေညာအပ်ပါသည်။

၅။ ဒေသဆိုင်ရာ ပါတီစည်းရုံးရေးကော်မတီအသီးသီးအနေဖြင့် မိမိတို့ဒေသတွင်း ဆောင်ရွက်ဖွယ် ကိစ္စရပ်များကို သီးခြား လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရှိကြသော်လည်း နိုင်ငံလုံးဆိုင်ရာကိစ္စရပ်များ၊ ပါတီအတွက် အဓိကကျသည့် အခြားအင်အားစုများနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ မူသဘောဆောင်သော ထုတ်ပြန်ကျေညာမှုများ အား ပါတီဗဟိုစည်းရုံးရေးကော်မတီ၏ တာဝန်ခံမှုဖြင့်သာ ဆောင်ရွက်ကြောင်းကို အသိပေး ထုတ်ပြန်အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၆ ခုနှစ်၊ ဩဂုတ် (၂၇) ရက်။

Continue Reading

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်မြောက်နှင့် ဂူဗိမာန် နှစ် (၅၀) ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးပါး ကွယ်လွန်ခဲ့သည်မှာ ၅၂ နှစ် တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာကြီး မဆုံး ပါးခင် တမ်းတမ်းတတ မြင်တွေ့သွားလိုသော စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးမှာ ယခုထက်ထိမရရှိနိုင်ဖြစ်နေရပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်မှာ တမျိုးသားလုံးနှင့် ဆိုင်သည့်ကိစ္စ ဖြစ်သည်။ ထို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လည်း တမျိုးသားလုံးက ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် လူမျိုးစုံပြည်သူလူထုပိုင်လုပ်ငန်းများဖြစ်ပြီး တမျိုးသားလုံးလက္ခဏာ၊ လူထု လက္ခဏာဆောင်ဖို့ လိုအပ်သည်ဟု ယူဆပါသည်။
ထို့အတွက် ဤလုပ်ငန်းစဉ်ကြီးအတွင်းတွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးကို မည်သည့်အကြောင်းနှင့်မျှ ချန် လှပ်ထားခြင်း၊ ကန့်သတ်ထားခြင်း လုံးဝ မရှိပဲ လွတ်လပ်စွာ၊ တန်းတူစွာ ပါဝင်ဆွေးနွေးအဖြေရှာခွင့် ပြုကြရန် လိုအပ်ပါ သည်။ ထိုသို့ အင်အားစုအားလုံးပါဝင်ကျင်းပပြုလုပ်ကြမည့် ငြိမ်းချမ်းရေးညီလာခံကြီးတွင်လည်း ဆရာကြီးသခင်ကိုယ် တော်မှိုင်း၏ သူမနာကိုယ်မနာတွေ့ဆုံဆွေးနွေးရေးမူကို အပြည့်အ၀ ကိုင်စွဲကာ ပြည်သူတရပ်လုံးနှင့် တိုင်းပြည်၏ အကျိုး စီးပွားအပေါ် တည့်မတ်ဖြောင့်မှန်စွာ မျက်နှာမူလျက် ဆွေးနွေးအဖြေရှာကြရမည် ဖြစ်သည်ဟု အလေးအနက် ယုံကြည်ပါ သည်။
ထိုသို့ ဆောင်ရွက်ကြမှသာ ဆရာကြီးမျှော်မှန်းခဲ့သည့် စစ်မှန်သည့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံနိုင်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်မည် ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးက အချို့အယွင်းမရှိ ဆောင်ရွက်သွားကြပါရန် အကြံပြု တိုက်တွန်းလျက် ဤသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၆ခုနှစ် ဇူလိုင်လ (၂၃) ရက်။

Continue Reading