ကယန်းအမျိုးသားတော်လှန်ရေး နှစ် (၆၀)ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ
ကယန်းအမျိုးသားတော်လှန်ရေး နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၄၊ ၆၊ ၂ဝ၂၄) ကျရောက်သည့် ကယန်းအမျိုးသားတို့၏ လက်နက်ကိုင်တော်လှန်ရေး နှစ် (၆၀) ပြည့် အခါ သမယ၌ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော် ခေါင်းဆောင်များနှင့်တကွ ရဲဘော်အပေါင်းတို့ ဝမ်းမြောက် ရွှင်လန်း ရှိကြပါစေကြောင်း ဆန္ဒအမွန် ပြုပါသည်။ကယန်းအမျိုးသားပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးအတွင်း အသက် သွေး ချွေးတို့ ပေးဆပ် တိုက်ပွဲဝင်ခဲ့ ကြသည့် ကယန်းအမျိုးသားအာဇာနည်အပေါင်းအားလည်း အလေးအမြတ် ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ ၂။ ကယန်းပြည်သစ်ပါတီနှင့် ကယန်းပြည်သစ်တပ်မတော်တို့သည် ကယန်းအမျိုးသားပြည်သူတို့၏ မွေးရာပါ အခြေခံရပိုင်ခွင့်များအတွက်သာမက လူမျိုးစုံ ဗမာပြည်သူတရပ်လုံးအတွက် စစ်အာဏာရှင်အဆက်ဆက်အား ဂုဏ် ပြောင်စွာ ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ တိုက်ပွဲဝင်လျက် ရှိသည်ကို […]
Continue Reading