၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေးရဲဘော်များ သူရဲကောင်းပီသ စွာ ကျဆုံးခဲ့ကြသည်မှာ ယနေ့ ( ၁၂၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ၇၄ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝ ရရှိရေး၊ မိမိတို့အမျိုးသားထု၏ကံကြမ္မာ မိမိတို့လက်ထဲတွင် ထားရှိနိုင်ရေးအတွက် ကရင့်အမျိုးသားထု တရပ်လုံးကို ဦးဆောင်ကာ ခုခံတော်လှန်စစ် ဆင်နွှဲရင်း အသက်စွန့်လွှတ် ပေးဆပ်ခဲ့ကြသည့် ဥက္ကဋ္ဌ စောဘဦး ကြီးနှင့်တကွ ကရင့်အမျိုးသားအာဇာနည်အပေါင်းတို့အား မိမိတို့ပါတီမှ အလေးအမြတ် ဦးညွှတ် အလေးပြု အပ်ပါသည်။၃။ ကရင်အမျိုးသားထုတရပ်လုံးသည် စောဘဦးကြီး၏ […]

Continue Reading

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက်

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲ ချီတက်ကြ။

စစ် ၃ စစ်ကို တစမကျန် ဖယ်ရှားဖျက်သိမ်းကြ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရမည်။ အရေးတော်ပုံ အောင်ရမည်။

Continue Reading

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ(၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ ၁။ ယနေ့ (၈၊ ၈၊ ၂၀၂၄) ရက်နေ့တွင် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသည်။၃။ အဆုံးတိုင် ဖျက်သိမ်းမပစ်လိုက်နိုင်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို တစမကျန် အကုန်အစင် ဖျက်သိမ်းပစ် နိုင်ရေးအတွက် လူမျိုးစုံပြည်သူလူထုကြီးက တိုက်ပွဲအလီလီ ဆက်ပြီး တိုက်ခဲ့ကြသည်မှာ ယနေ့ ဆင်နွှဲနေကြ သည့် နွေဦးတော်လှန်ရေးကြီးအထိ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည် ယုံကြည်သည်။၄။ နွေဦးတော်လှန်ရေးကြီးအနေဖြင့် စစ် ၃ […]

Continue Reading

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက်

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီး (၃၆) နှစ်မြောက် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေငြာချက် ၁။ ယနေ့ ( ၈၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း ကျဆုံးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အာဇာနည်ရဲဘော် အပေါင်းတို့အား မိမိတို့ပါတီက လေးစားတန်ဖိုးထားစွာ ဦးညွှတ် အလေးပြုအပ်ပါသည်။၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသော်လည်း စစ်အာဏာရှင်စနစ်ကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြပေ။ ၃။ စစ်အာဏာရှင်စနစ်သည် နာတ၊ နအဖ၊ စစ်တပိုင်းအစိုးရ၊ အာဏာသိမ်းစစ်ကောင်စီ စသည့် အသွင် သဏ္ဍာန်မျိုးစုံတို့ဖြင့် လူမျိုးစုံပြည်သူလူထုကြီးအပေါ် […]

Continue Reading

ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

ဆရာမ နော်စီဖိုးရာစိန် ဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ ၁။ ကရင့်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဌဟောင်း ဆရာမနော်စီဖိုးရာစိန် (၂၄၊ ၇၊ ၂ဝ၂၄) နေ့က ဆုံးပါးကွယ်လွန်ကြောင်း ကြားသိရပါသည်။ ထို့အတွက် ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ၊ ကရင့်အမျိုးသားအ စည်းအရုံး (KNU) နှင့်ထပ်တူ၊ ကရင့်အမျိုးသားထုကြီးနှင့်ထပ်တူ မိမိတို့ပါတီက များစွာ ဝမ်းနည်းကြေကွဲ ဖြစ်ရပါ သည်။၂။ ဆရာမနော်စီဖိုးရာစိန်သည် ကရင့်အမျိုးသားအစည်းအရုံး (KNU) တွင်လည်းကောင်း၊ ကရင့်အမျိုးသမီးအစည်း အရုံး (KWO) တွင်လည်းကောင်း၊ ထိုင်းမြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးတပ်ပေါင်းစုကြီးများတွင်လည်းကောင်း ကြီး မားသည့်နိုင်ငံရေးတာဝန်များကို ကျေမွန်စွာထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။ ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်အကုန် အစင်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်၁ ရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေး တိုက်ပွဲစဉ်ကြီးအတွင်းတွင် မိမိတို့ပါတီအပါအဝင် မိတ်ဖက်အင် အားစုအသီးသီးနှင့် တက်ကြွစွာ […]

Continue Reading

မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် ( ၇/၂၀၂၄ )

မောင်မြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအပေါ် သဘောထား ထုတ်ပြန်ချက် (၇/ ၂၀၂၄) ၁။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာနေ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂမှ မောင်မြင့်မြတ်ဦး သည် ၈၊ ၇၊ ၂ဝ၂၄ ညက ရက်စက်စွာ သတ်ဖြတ်ခံရကြောင်း ကြားသိရပါသည်။၂။ ကျောင်းသားငယ်တဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်းအား မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချအပ်ပါသည်။ ကျန်ရစ်သူမိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဘက် သမဂ္ဂကျောင်းသားများနည်းတူ စာနာ ဝမ်းနည်းကြောင်းလည်း ဖော်ပြအပ်ပါသည်။၃။ ၎င်းအမှုမှန်ကို စိစစ် ဖော်ထုတ်လျက် တာဝန်ရှိသူများကို တိတိကျကျ အရေးယူနိုင်ရေး ဆောင်ရွက်မှုတိုင်းအား မိမိတို့ပါတီအနေဖြင့် အစွမ်းကုန် ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါ သည်။ ဗဟိုဦးဆောင်ကော်မတီလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်။

Continue Reading

( ၆၂ ) နှစ်မြောက် ၇ – ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

(၆၂) နှစ်မြောက် ၇-ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၇၊ ၇၊ ၂၀၂၄) နေ့သည် ၁၉၆၂၊ ၇-ဇူလိုင် လူသတ်ပွဲ (၆၂) နှစ်ပြည့်သည့်နေ့ ဖြစ်သည်။(၇၊ ၇၊ ၆၂) ရန်ကုန်တက္ကသိုလ် – သွေးမြေကျ လူသတ်ပွဲသည် ဘက်တဖက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ၏ ရဲရင့်ဂုဏ်ပြောင်သော သမိုင်းမော်ကွန်း ဖြစ်သည်။အခြားတဖက်တွင် တော်လှန်ရေးကောင်စီ အမည်ခံ အာဏာသိမ်းစစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်သော ဘီလူး ဇာတိရုပ်ကို ကမ္ဘာသိ မျက်နှာဖုံးချွတ်ခွာပြလိုက်ခြင်း ဖြစ်သည်။၂။ ယနေ့ထက်တိုင် ၇ ဇူလိုင် အရေးတော်ပုံအတွင်း ကျောင်းသူ ကျောင်းသား မည်မျှ သေကြေခဲ့ကြ ထိခိုက်ဒဏ်ရာရခဲ့ ကြခြင်းအား စာရင်းတိကျစွာ မဖေါ်ထုတ်ပေးနိုင်ခြင်း၊ ၎င်းဖြစ်စဉ်အတွက် တာဝန်ရှိသူတို့အား […]

Continue Reading

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး ( ကလလတ ) ဖွဲ့စည်း တည်ထောင်ခြင်း ( ၄၆ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဖွဲ့စည်း တည်ထောင်ခြင်း (၄၆) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ ၁။ ယနေ့ (၂၆၊ ၆၊ ၂၀၂၄) နေ့တွင် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) စတင် ဖွဲ့စည်း တည်ထောင်ခဲ့သည်မှာ ၄၆ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။၂။ ၄၆ နှစ်တာ တော်လှန်ရေးခရီး ဖြတ်သန်းမှု တလျှောက် (ရန်သူ – မိမိ – ပြည်သူ) အခြေခံ အကြောင်းအချက်များ အားလျော်စွာ နည်းသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲ ကျင့်သုံးရပ်တည်ခဲ့ရာမှ ၁၊ ၇၊ ၂၀၂၃ မှ စတင်လျက် လူမျိုးစုံဗမာ ပြည်သူတို့နှင့် တသားတည်းရပ်တည်လျက် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်တွင် ပူးပေါင်း ပါဝင်တိုက်ခိုက်နိုင်ခြင်း အား ဂုဏ်ပြောင်သော သမိုင်းမော်ကွန်းတရပ်အဖြစ် […]

Continue Reading

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ( PLF ) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ စစ် (၃) စစ် အမြစ်ပြတ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသော ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (PLF) ဖွဲ့စည်းတည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနားသို့ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဂုဏ်ယူစွာဖြင့် သဝဏ်လွှာ ပေးပို့အပ်ပါသည်။ار ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) သည် အထက်ပါ အခြေခံမူများကို ကိုင်စွဲ၍ ဧရာဝတီဒေသတွင်းရှိ ကျောင်းသား လူငယ်များ၊ ဝန်ထမ်း အလုပ်သမားနှင့် လယ်သမားများကို စုရုံးစုစည်းကာ တိုက်ပွဲဝင်ခဲ့သည့် ၃ နှစ်တာ ကာလအတွင်းတွင် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များမှ မသွေဖည် မယိမ်းယိုင်ဘဲ ကြံ့ကြံ့ခံ တိုက်ပွဲဝင် လျက် […]

Continue Reading

ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် ( ၅၀ ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂/၂၀၂၄ )

ဇွန် ၆ – အလုပ်သမားတိုက်ပွဲ နှစ် (၅ဝ) ပြည့် သဘောထားထုတ်ပြန်ချက် ( ၂ / ၂၀၂၄ ) ၁။ ယနေ့ (၆၊ ၆၊ ၂ဝ၂၄) သည် သမိုင်းဝင် “ဇွန် ၆” အလုပ်သမားတိုက်ပွဲကြီး၏ နှစ် (၅၀) ပြည့်မြောက်သောနေ့ ဖြစ်သည်။ ၂။ လွန်ခဲ့သော နှစ် (၅၀) က အခြေခံဥပဒေအကာအကွယ်ဖြင့် မဆလခေါင်းဆောင်းထားသည့် စစ်အုပ်စု၏ ဘီလူး ခေါင်း အစစ်အမှန်ကို အလုပ်သမားထုက သွေးမြေကျ တိုက်ပွဲဝင်၍ ဆွဲချွတ်ခဲ့ကြသည်။ ၃။ ၁၉၇၄၊ မတ်လ ၂၅ မန္တလေး-ပလိပ် ချည်မြှင်နှင့် အထည်စက်မှ စတင်သည့် အလုပ်သမားဆန္ဒပြမှုများကို တရားမဲ့ ဖမ်းဆီး နှိမ်နင်းခံရသဖြင့် ဆက်တိုက် […]

Continue Reading