မြန်မာ့အမျိုးသမီးသမဂ္ဂ ( BWU )ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ( ၃၀ ) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သသော သဝဏ်လွှာ

မြန်မာ့အမျိုးသမီးးသမဂ္ဂ (BWU) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၃ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ ၁။ ယနေ့ (၇၊ ၁၊ ၂၀၂၅) တွင် မြန်မာ့အမျိုးသမီး၊သမဂ္ဂ (BWU) ဖွဲ့စည်းထည်ထောင်ခြင်း နှစ် (၃၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။၂။ ၁၉၈၈ လူထုအရေးတော်ပုံကြီး၏ အခန်းဆက်တာဝန်တရပ်အဖြစ် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် စုစည်း တည်ထောင်ခဲ့ရာမှသည် မြန်မာနိုင်ငံ လက်တွေ့လိုအပ် ချက်အရ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများ ကာကွယ်မြှင့်တင်ရေး၊ အပြည့်အဝရရှိရေး တို့ကို စိုက်လိုက်မတ်တတ် ဆောင်ရွက်ခဲ့ကြသည့် BWU ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအားလုံးကို လေးစား အသိ အမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။၂၀၂၁ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးမှသည် ယနေ့ […]

Continue Reading

ကရင့်နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ

ကရင့်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ ၁။ ယနေ့ (၃၀၊ ၁၂၊ ၂၀၂၄) နေ့တွင် ကျရောက်သော ကရင့်နှစ်သစ်ကူး အခါသမယ၌ ကရင်အမျိုးသားပြည်သူ အပေါင်းနှင့်တကွ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ မိတ်ဆွေရင်းချာဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ခေါင်းဆောင်များ၊ ရဲဘော်များ ရွှင်လန်း ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒအမွန် ပြုအပ်ပါ သည်။၂။ ကရင်အမျိုးသားပြည်သူတို့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ယနေ့ နွေဦးတော်လှန်ရေးကြီး တွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်သုတ်သင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် လူမျိုးစုံဗမာပြည်သူတို့နှင့်အတူ ရှေ့တန်းမှ တိုက်ပွဲဝင် ဆင်နွှဲလျက်ရှိသည်ကိုလည်း မိမိတို့ပါတီအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်။၃။ မိမိတို့ပါတီအနေဖြင့် ကရင်အမျိုးသားပြည်သူများ အပါအဝင် လူမျိုးပေါင်းစုံဗမာပြည်သူတို့ တောင့်တ လိုလားကြ […]

Continue Reading

၉၄ နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

(၉၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ၁။ ၂၀၂၄၊ ဒီဇင်္ဘာလ (၂၂) ရက်နေ့တွင် တောင်သူလယ်သမားနေ့အဖြစ် ဂုဏ်ပြု၊ အထိမ်းအမှတ်ပြုမှုအား မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထောက်ခံ၊ အသိအမှတ်ပြုပါသည်။စင်စစ် ဆရာစံ ဦးဆောင်သော သာယာဝတီ ခရိုင် လယ်သမားထုက နယ်ချဲ့ဗြိတိသျှအစိုးရအား လက်နက်ကိုင် တိုက်ပွဲဆင်လျက် စတင် ပုန်ကန်ထကြွခဲ့သည့် ဒီဇင်္ဘာ (၂၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ် အထိမ်းအမှတ်ပြုခြင်းသည် မဆလ စစ်အုပ်စုက ၎င်းတို့အာဏာသိမ်းခဲ့ သည့်ရက်ကို တဖက်လှည့် ဇွတ်အထိမ်းအမှတ် ပြုနေသည့် မတ် (၂) ရက်နေ့ထက် ဆီလျော်၍ အဓိပ္ပါယ် လေးနက်လှပေသည်။၂။ မိမိတို့ တိုင်းပြည်တွင် ပဒေသရာဇ်ဘုရင်များ လက်ထက်ကစ’၍ ကိုလိုနီခေတ်တလျှောက်တွင်လည်းကောင်း၊ လွတ်လပ်ပြီး ဗမာပြည်၏ […]

Continue Reading

အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တည်ထောင်ခြင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြူသဝဏ်လွှာ ၁။ (၉၊ ၁၂၊ ၂၀၂၄) နေ့သည် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တည်ထောင်ခြင်း ၂၅ နှစ်ပြည့်သည့်နေ့ ဖြစ်သည်။၂။ စတင် တည်ထောင်စဉ်ကတည်းက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် မိမိတို့ ပါတီအကြား မိတ်ဆွေရင်းချာ ဆက်ဆံရေးနှင့် လက်တွဲနိုင်ခဲ့သည့်အပြင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ကျား-မ တန်းတူရေး၊ တိုင်းရင်း သားအခွင့်အရေး တန်းတူရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ရဲဝံ့ ဂုဏ်ပြောင်စွာ အားစိုက်ခွန်စိုက် ကြိုးပမ်းခဲ့ကြ၊ ကြိုးပမ်းလျက် ရှိကြသော အဖွဲ့ဝင်တဦးချင်းတိုင်းကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။၃။ ဆက်လက်၍ နွေဦးတော်လှန်ရေး၏ […]

Continue Reading

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ( ABSDF ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော်ကို ဖွဲ့ စည်းတည်ထောင်ခဲ့ကြသည်မှာ ယနေ့ (၁ ၊၁၁၊ ၂ဝ၂၄) ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ABSDF ခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များအားလုံး ကျန်းမာဘေးကင်းပြီး ရွှင်လန်းချမ်းမြေ့ ရှိကြပါစေ ကြောင်း ဆုမွန်ကောင်း တောင်းလျက် ချစ်ခင်လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ ခက်ခဲကြမ်းတမ်းလှသည့် ၃၆ နှစ်တာ ဖြတ်သန်းမှုသမိုင်းတလျှောက် တိုင်းပြည်နှင့် လူမျိုးစုံပြည်သူလူထုကြီးအတွက် အသက်ပေးခဲ့ကြသည့်၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြသည့် ABSDF တပ်ဖွဲ့ဝင် ရဲဘော်အပေါင်းကို မိမိတို့ပါတီမှ လေးစား တန်ဖိုးထားစွာ ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ABSDF နှင့် မိမိတို့ပါတီသည် ရှစ်လေးလုံးဒီမိုကရေစီလူထုအရေးတော်ပုံကြီးတွင် အတူတိုက်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို […]

Continue Reading

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၆၊ ၁၀၊ ၂၀၂၄) ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။SNLD ခေါင်းဆောင်များ၊ ပါတီဝင်များအားလုံး ကျန်းမာဘေးကင်းကြပါစေ၊ ရွှင်လန်းချမ်းမြေ့ ရှိကြပါစေ ကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၃၆ နှစ်တာ ဖြတ်သန်းမှုသမိုင်းတလျှောက် အသက်များ၊ ဘဝ များ ပေးဆပ်ခဲ့ကြသည့် SNLD ခေါင်းဆောင်များ၊ ပါတီဝင်များအားလုံးကိုလည်း လေးစားတန်ဖိုးထားစွာ ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကာလတွင်လည်း ကောင်း၊ ယနေ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) ကာလတွင်လည်းကောင်း ညီနောင်ပါတီအဖွဲ့အစည်းများနှင့် စုပေါင်းခေါင်းဆောင်မှုရှိစွာ၊ […]

Continue Reading

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၇၊ ၉၊ ၂၀၂၄)ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ အဖွဲ့ချုပ်၏ ၃၆ နှစ်ကြာ ဖြတ်သန်းခဲ့ရသည့် သမိုင်းသည် ပေးဆပ်မှုများ၊ စွန့်လွှတ် မှုများ၊ ရုန်းကန်တိုက်ပွဲဝင်မှုများဖြင့် ခက်ခဲကြမ်းတမ်းလှသည့်သမိုင်း ဖြစ်ပါသည်။ စစ်အာဏာရှင် အဆက်ဆက် အဖွဲ့ချုပ်ကို နင်းချေဖျက်သိမ်းပစ်ရန် အကြိမ်ကြိမ် ကြံစည် ကျူးလွန်ခဲ့သည့်အောက်မှ လူထုကြီးနှင့်အတူ ရုန်းထပြီး ယနေ့အထိ ရဲရင့်တည်ကြည်စွာ တိုက်ပွဲဝင်နေသည့် သမိုင်းဖြစ်သည်ဟု မိမိတို့ပါတီက တန်ဖိုးထားပါသည်။ယနေ့ ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေးကြီးနှင့်တကွ ရှည်လျားသည့် အဖွဲ့ချုပ်သမိုင်းတလျှောက် အသက်များ၊ ဘဝများ ပေးဆပ်ခဲ့ကြသည့် အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များကိုလည်း လေးစား တန်ဖိုးထားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။လက်ရှိ အနေအထားမှာ […]

Continue Reading

၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၇၄ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ၁။ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေးရဲဘော်များ သူရဲကောင်းပီသ စွာ ကျဆုံးခဲ့ကြသည်မှာ ယနေ့ ( ၁၂၊ ၈၊ ၂၀၂၄ ) ရက်နေ့တွင် ၇၄ နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။၂။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝ ရရှိရေး၊ မိမိတို့အမျိုးသားထု၏ကံကြမ္မာ မိမိတို့လက်ထဲတွင် ထားရှိနိုင်ရေးအတွက် ကရင့်အမျိုးသားထု တရပ်လုံးကို ဦးဆောင်ကာ ခုခံတော်လှန်စစ် ဆင်နွှဲရင်း အသက်စွန့်လွှတ် ပေးဆပ်ခဲ့ကြသည့် ဥက္ကဋ္ဌ စောဘဦး ကြီးနှင့်တကွ ကရင့်အမျိုးသားအာဇာနည်အပေါင်းတို့အား မိမိတို့ပါတီမှ အလေးအမြတ် ဦးညွှတ် အလေးပြု အပ်ပါသည်။၃။ ကရင်အမျိုးသားထုတရပ်လုံးသည် စောဘဦးကြီး၏ […]

Continue Reading

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ ( ၃၆ ) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ(၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ ၁။ ယနေ့ (၈၊ ၈၊ ၂၀၂၄) ရက်နေ့တွင် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီးသည် (၃၆) နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။၂။ လူထုလူတန်းစားအလွှာအသီးသီးနှင့် လူမျိုးစုံပြည်သူလူထုကြီးသည် ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေး တော်ပုံကြီးဖြင့် ဗိုလ်နေဝင်းဦးဆောင်သည့် မဆလ တပါတီအာဏာရှင်စနစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို အပြီးအပိုင် ဖျက်သိမ်းပစ်နိုင်ခဲ့ကြသည်။၃။ အဆုံးတိုင် ဖျက်သိမ်းမပစ်လိုက်နိုင်ခဲ့သည့် စစ်အာဏာရှင်စနစ်ကို တစမကျန် အကုန်အစင် ဖျက်သိမ်းပစ် နိုင်ရေးအတွက် လူမျိုးစုံပြည်သူလူထုကြီးက တိုက်ပွဲအလီလီ ဆက်ပြီး တိုက်ခဲ့ကြသည်မှာ ယနေ့ ဆင်နွှဲနေကြ သည့် နွေဦးတော်လှန်ရေးကြီးအထိ ဖြစ်သည်ဟု မိမိတို့ပါတီက နားလည် ယုံကြည်သည်။၄။ နွေဦးတော်လှန်ရေးကြီးအနေဖြင့် စစ် ၃ […]

Continue Reading

( ၆၂ ) နှစ်မြောက် ၇ – ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာ

(၆၂) နှစ်မြောက် ၇-ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့ပေးပို့သည့် သဝဏ်လွှာ ၁။ ယနေ့ (၇၊ ၇၊ ၂၀၂၄) နေ့သည် ၁၉၆၂၊ ၇-ဇူလိုင် လူသတ်ပွဲ (၆၂) နှစ်ပြည့်သည့်နေ့ ဖြစ်သည်။(၇၊ ၇၊ ၆၂) ရန်ကုန်တက္ကသိုလ် – သွေးမြေကျ လူသတ်ပွဲသည် ဘက်တဖက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ၏ ရဲရင့်ဂုဏ်ပြောင်သော သမိုင်းမော်ကွန်း ဖြစ်သည်။အခြားတဖက်တွင် တော်လှန်ရေးကောင်စီ အမည်ခံ အာဏာသိမ်းစစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်သော ဘီလူး ဇာတိရုပ်ကို ကမ္ဘာသိ မျက်နှာဖုံးချွတ်ခွာပြလိုက်ခြင်း ဖြစ်သည်။၂။ ယနေ့ထက်တိုင် ၇ ဇူလိုင် အရေးတော်ပုံအတွင်း ကျောင်းသူ ကျောင်းသား မည်မျှ သေကြေခဲ့ကြ ထိခိုက်ဒဏ်ရာရခဲ့ ကြခြင်းအား စာရင်းတိကျစွာ မဖေါ်ထုတ်ပေးနိုင်ခြင်း၊ ၎င်းဖြစ်စဉ်အတွက် တာဝန်ရှိသူတို့အား […]

Continue Reading