၂၀၁၉ အောက်တိုဘာ ၁၄။ ပါတီဌာနချုပ်ရုံး၊ ရန်ကုန်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၃၁ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် နိုင်ငံရေးစကားဝိုင်းကို အောက်တိုဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဒုဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အဖွင့်စကားပြောကြားခဲ့ပြီး ဦးစိုးနိုင်(ကယန်းပြည်သစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးမျိုးကျော်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)တို့က အမှတ်တရစကား ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် “မြန်မာ့နိုင်ငံရေးနှင့် ကုလသမဂ္ဂ”ခေါင်းစဉ်ဖြင့် နိုင်ငံရေးဆွေးနွေးပွဲကိ်ု ဆက်လက်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဒေါက်တာရန်မျိုးသိမ်း၊ မခင်စန္ဒာထွန်း၊ ဦးရဲမျိုးဟိန်း၊ ဦးအောင်မိုးဇော်တို့က မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသည့် ပဋိပက္ခများ၊ စိန်ခေါ်မှုများ၊ ကမ္ဘာ့နိုင်ငံကြီးများကြား အင်အားပြိုင်ဆိုင်မှု၊ အခွင့်အလမ်းများနှင့် ထောင်ချောက်များ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ၏ လက်ရှိဆက်ဆံရေးအခြေအနေ၊ မြန်မာ့နိုင်ငံခြားရေးမူဝါဒကို လူသားဝါဒပေါ်အခြေခံစဉ်းစားသင့်ကြောင်း စသည်တို့ကို ဦးဆောင်ဆွေးနွေးပေးခဲ့ကြပါသည်။ မိတ်ဖက်နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ […]
Continue Reading